Pages


 

Monday, October 19, 2009

စစ်အာဏာရှင်လက်ထက် မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝ

0 comments


ဆောင်းပါးရှင် ....ကိုဇာနည်(၈၈မျိုးဆက်ကျောင်းသားများ)
ကျနော်အခု ပြောပြမှာကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ. အကြောင်းပါ။ နိုင်ငံရေးအကျဉ်းသားတွေ ဆိုတာ ကတော့ နိုင်ငံရဲ.အရေးကို တိုးတက်အောင် ဆောင်ရွက်နေရင်းကနေ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းခံ လိုက်ရတဲ့သူတွေပါ။ ဒီလိုနိုင်ငံရေး အကျဉ်းသားဆိုတဲ. ဘွဲ.ထူးဂုဏ်ထူးကို လွယ်လွယ်နဲ့တော့ ရကြတာမဟုတ်ပါဘူး။

ပထမဦးဆုံးအနေနဲ့ ဆင်းရဲမွဲတေနေတဲ့ ခေတ်ကြီးထဲမှာ မိမိ မိသားစုရဲ. စားဝတ်နေရေးကို ပထမဆုံး လျစ်လျူရှု လိုက်ရပါတယ်။ အဲဒီလိုနိုင်ငံရေးတွေ ဆောင်ရွက်နေတဲ့ အချိန်မှာလဲ ကုန်ကျစားရိတ် ပုန်းရရှောင်ရတိမ်းရတဲ့ စားရိတ် သွားလာလှုပ်ရှားရတဲ့ စားရိတ်တွေအကုန်လုံးကိုလဲ မရှိရှိတာရောင်းချ ချေးငှားပြီး အဆင်ပြေအောင် ကြံဖန် သုံးစွဲကြရပါတယ်။

ဘာလို.ဒီလောက်တောင်စွန့်စားပြီး ဆင်းရဲပင်ပန်းခံပြီး နိုင်ငံရေးတွေကို လုပ်နေရတာလဲ ဆိုတာကတော့ ကျနော်တို့ နိုင်ငံရဲ.လက်ရှိအခြေအနေကို မျက်ဝါးထင်ထင် ထဲထဲဝင်သိလိုက်ရမယ် ဆိုရင်တော့ သဘောပေါက် နားလည်သွားပါလိမ့်မယ်။

တကယ်တမ်းကြတော့ ကျနော်တို့နိုင်ငံရဲ. အခြေအနေဟာ အဆိုးတကာ့အဆိုးဆုးံ အခြေအနေကို ရောက်ရှိလို့နေပါပြီ။ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဘွဲ.ထူးကိုမရခင် အဖမ်းခံရပြီဆိုတာနဲ့ ငရဲတမျှဆိုးတဲ့ စစ်ကြောရေးခန်းကိုစတင်ဖြတ် သန်းရပါတော့တယ်။ အစာဖြတ် ရေဖြတ်ထားပြီး ကျင်စက်နဲ.တို. ရိုက်နှက် ညှဉ်းပန်းနှိပ် စက်တဲ့ဒဏ်တွေကို လူမဆန်အောင်ခံစား ရပါတော့တယ်။ ဒါကိုတော့ သံသယဖြစ်စရာမရှိပါဘူး။ စစ်ကြောရေးခန်း ၀င်ဖူးတဲ့သူတိုင်း လိုလိုသိကြပါတယ်။

ပြီးတော့ စစ်ကြောရေးစခန်းထဲမှာပဲ အသက်ဆုံးရှုံးသွားခဲ့တဲ့ ဦးမောင်လေး (ဗကပ)တို. ကေအင်န်ယူက ရွှေထီးတို့က သက်သေပါပဲ။
အဲဒီလောက် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပေမယ့် ထောင်ထဲကိုပို့ပြီဆိုတော့လဲ လုံလောက်တဲ့ ဆေးဝါးကုသမှုကို ပေးတာမဟုတ်ပါဘူး။ ဘယ်ထောင်ကို ရောက်ပြီဘယ်ထောင်မှာ ထားတဲ့ဆိုတာတောင် ကျန်ရစ်တဲ့ မိသားစုက မသိကြရပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ. စုံစမ်းကြရတာပါ။ စုံစမ်းလို.ရပြီဆိုတော့လဲ တွေ.ခွင့်ရကြရတာ မဟုတ်ပါဘူး။ အတူနေ ထောင်ဝင်စာထွက်လို. ရတဲ့သူတွေကတဆင့် လိုမယ်ထင်တာလေးတွေကို ပါဆယ်ပို့ ပးရတာပါ။

အဲဒီတော့ စစ်ကြောရေးစခန်း ကိုဖြတ်သန်းပြီး လုံးဝကို ကျန်းမာရေးအရ ထိခိုက် နေမယ့် နိုင်ငံရေးသမားတွေ
အတွက် ဘယ်လောက်ထိ ဒုက္ခရောက်မယ်ဆိုတာသူ.မိသားစုက ဘယ်လောက်ထိ ဆင်းရဲပူပန် ရမယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။ ရုံးထုတ်ပြီး ထောင်ချလိုက်ပြီဆိုတော့လဲ မိမိအိမ်ကလိုတဲ့ ပစ္စည်းတွေကိုေ ပးချင်တိုင်း ပေးလို့မရပါဘူး။ အဆိုးဆုံးကတော့ဆေးဝါးပါ။ ထောင်ဆရာဝန်တွေရဲ. ဆေးစာခွင့်ပြု ချက်မရပဲဘယ်ဆေးဝါးမှ သွင်းခွင့်မရပါဘူး။ ထောင်ဆရာဝန်ဆိုတာကလဲ လုံးဝကို အဆင့်အတန်း မရှိတဲ့သူတွေပါ။ တကယ့် ကိုအကြီးအကျယ်ဖျားမှနာမှသာ ဆေးလက်မှတ် ရေးပေးပါတယ်။

အဲဒီတော့ကျနော်တို.ဟာ ဒီတိုင်းပဲဖျားတာနာတာ ကိုထိုင်စောင့်နေ ဖျားတဲ့အခါကျမှသာ လိုတဲ့ဆေးလက်မှတ်ကိုရေး ပြီးရင်14 ရက်တခါမှလာတဲ့ ထောင်ဝင်စာနဲ.အိမ် ကလူကိုပေး အဲအိမ်ကနောက် 14 ရက်လောက် နေလို.လာမှ အဲဒီဆေးကိုရ၊ ဆိုတော့နိုင်ငံရေးအကျဉ်းသားတွေ ရဲ့ကျန်းမာရေးဟာ တနေ.တခြားကိုပိုပို ဆိုးရွားလာပါတယ်။ ဒါတောင်မှ 14 ၇က်တခါ ထောင်ဝင်စာလာနိုင်တဲ့ သူတွေမှပါ (ပြေလည်မှပါ)။ ပြေလည်ပေမယ့်လည်း တချို.ဝေးလံသီခေါင်တဲ့ နယ်ထောင်တွေ ရောက်နေသူတွေ အတွက်ကတော့ ဘယ်လိုမှကို အဆင်မပြေ နိုင်တော့ပါဘူး။

ထောင်တွင်းမှာ နေရေးထိုင်ရေးက ပင်ပန်းဆင်းရဲရသလို စားရသောက်ရ တာတွေကလဲ လုံးဝကို ဆိုးရွားလှပါတယ်။ ရေကအစမသန်.ပါဘူး။ သံစည်ပိုင်းပြတ်တွေနဲ. ထည့်ထားတဲ့ ထမင်းတွေက ယင်ကောင်တလောင်းလောင်း စပါးလုံးက နိုင်းချင်းနဲ. မာချက်ကလဲ ကမ်းကုန်ပါပဲ။ အဲလိုသံစည်ပိုင်းတွေနဲ.ပဲ မဲညစ်နေတဲ့ ပဲဟင်းနဲ.(အဲလို မဲညစ်နေတဲ့ ပဲဟင်းကိုတောင် ၀၀လင်လင် မစားကြရပါဘူး) မြက်တွေတောင်ပါတဲ့ လုံးဝကို အော်ဂလီဆန်စရာ ကောင်းလှတဲ့ တာလပေါဟင်း ကိုစားသောက်ရပါတယ်။ ဒါဟာဗမာပြည် အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေ တကယ် ခံစားနေကြရတာပါ။ ယုံတမ်းစကားမဟုတ်သလိုပုံပြင်လဲ မဟုတ်ပါဘူး။ ပြီးရင်ရာဇ၀တ်မှု (သူခိုး၊ ခါးပိုက်နှိုက်၊ မုဒိန်း၊ လူသတ် အစရှိတာတွေ) နဲ. နိုင်ငံရေးသမားတွေက နေ.တဓူဝ ရန်တိုက်ပေးတယ်။ ညှဉ်းပန်းတယ်။ အုပ်ချုပ်ခိုင်းတယ်။ အဲဒီိတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ. ဘ၀က အချိန်မရွေးအသက်အန္တရာယ် စိုးရိမ်နေကြရပါတယ်။ ယုတ်စွအဆုံးကျနော် တို.ကို နိုင်ငံရေးအကျဉ်းသားဆိုတဲ့ နာမည်တောင်သုံးခွင့်မရှိပါဘူး။

နယ်ချဲ.ရဲ. လက်အောက် ကိုလိုနီဘ၀မှာတောင်ရခဲ့တဲ. နိုင်ငံရေးအကျဉ်းသားတွေရဲ. အခွင့်အရေး ဆိုတာကတော့ဝေလာဝေးပါ။ အခုဆို ပိုလို.တောင် ဆိုးလာပါပြီ။ စစ်အုပ်စုဟာကျနော်တို. လူတွေကိုထောင်ချပြီးတာနဲ. ဘာအပြစ်မှမရှိပဲနဲ. ဝေးလံသီခေါင် တဲ့ထောင်တွေကိုပို. ပြစ်ပါတယ်။ အခုဆို 88မျိုးဆက်ခေါင်းဆောင် တော်တော်များများနဲ. နာမည်ကြီးနိုင်ငံရေး အကျဉ်းသားမှန်သမျှဟာအတော့်ကိုေ ၀းလံတဲ့ ထောင်တွေမှာဆိုးရွားတဲ့ ရာသီဥတုဒဏ်တွေနဲ. အတူထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို အနေဆင်းရဲ အစားဆင်းရဲ ပင်ပန်းကြီး စွာ ခံစားနေကြရပါတယ်။ ဒါဟာကျနော်က တမင်သနားအောင်ဂရုဏာ သက်အောင်ပြောပြနေတာမဟုတ်ပါဘူး။ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ သူတို.ကိုအိမ်က လိုက်တွေ.ဖို. ထောက်ပံ့ဖို. ဆိုတာလဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကလေးထောင်။ မြစ်ကြီးနား ၊ စစ်တေ၊ွ ဖလမ်း အစရှိတဲ့ထောင်တွေကို သွားဖို့ဆိုတာ ငွေကြေး၊ လူပြီးတော့အလုပ်ဖျက်ပြီးသွားရမှာ ဆိုတော့ ကျနော်တို.၇ဲ. နိုင်ငံအတွက်ကျောက်ကောင်းတစေ့ ဓါးကောင်းတလက် ထက်မြက်တဲ့သူရဲကောင်းတွေဟာ ဝေးလံသီခေါင်တဲ့ ထောင်တွေထဲမှာ ဆင်းရဲဒုက္ခမျိုးစုံကို ခံစားရပြီး လူမသိသူမသိ သူတို.ချစ်တဲ့ဗမာပြည်ကြီးကို မျက်ကွယ် ပြုသွားကြရဖို. ဖြစ်နေပါတယ်။ အရင်ကလို အိုင်စီအာရ်စီကလဲ ဂရုမစိုက်နိုင်တော့ပါဘူး။

အဲဒီလို နိုင်ငံရေးအကျဉ်းသား တွေရဲ.အခြေအနေဆိုးကြီးကို နည်းလမ်းတခုခုနဲ. ကုစားဖို.တော့ အမှန်တကယ်လိုအပ်နေပါပြီ။မိတ်ဆွေတွေ။ ရဲဘော်တွေ သူငယ်ချင်းတွေအနေနဲ. ရေတခွက်လုံး မဟုတ်ရင်တောင်မှရေတပေါက်ပဲဖြစ်ဖြစ် ပေးဖြစ်ခဲ့မယ်ဆိုရင် အဲဒါဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ. ဆင်းရဲဒုက္ခတွေနဲ. အသက်အန္တရာယ် ကိုကာကွယ်ပေးတာဖြစ်သလို အမိဗမာပြည်ကြီးကိုလဲ ကယ်တင်လိုက် တာပါပဲ။ အဒီလိုစစ်တွေ၊ ဖလမ်း၊ ဟားခါး၊ မြစ်ကြီးနား၊ ကလေး အစ၇ှိတဲ့ထောင်တွေကို လိုက်တွေ.ဖို.ဆိုတာ အနည်းဆုံး သုံးသိန်းလောက် လိုအပ်ပါတယ်။ တနေ.ကို1500။ 2000လောက်ကို မနည်းရအောင်ရှာဖွေေ န၇တဲ့ မိသားစုတွေအတွက်တော့ ဘယ်လိုမှကိုမဖြစ်နိုင်တော့တဲ့ အိပ်မက်တွေပါ။ လ က်ရှိနိုင်ငံရေးအကျဉ်းသား တွေရဲ.ဆင်း၇ဲ ဒုက္ခတွေကို ပြောပြနေရမယ်ဆို မဆုံးနိုင်တော့ ၀မ်းနည်းကြေကွဲ စရာဇာတ်လမ်းတွေကို အခန်းဆက် ဖတ်၇သလိုသာဖြစ်နေပါတော့မယ်။ ဘာပဲဖြစ်ဖြစ်ဗမာပြည်ကိုချစ် တဲ့ အမိဗမာပြည်အတွက် အသက်ကိုစွန်.ရဲ တဲ့ သူရဲကောင်းတွေကို ကျနော်တို.တွေဒီလိုပဲ မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုလိုက်ကြရတော့မှာလား။ သူတို.ကိုထီးတချောင်းမပေးနိုင်ရင်တောင်မှ ရေတပေါက်လောက်တော့တိုက်နိုင်ကြမှာပါ။ ဒီလိုသာဗမာပြည်ရဲ. ရဲရဲတောက်ရဲဘော်တွေဟာ တယောက်ပြီး တယောက်ဆုံးရှုံးသွား ရမယ်ဆို အနာဂတ် ဗမာပြည်ကရော တကယ်ကို လွတ်မြောက် လှပလာနိုင်ပါ့မလား။ ကျနော်တို.တွေအနေနဲ. ရေတပေါက်လောက်စီနဲ.ပဲ ဖြစ်ဖြစ် ဗမာပြည်လွတ်မြောက်ရေး သူရဲကောင်း တွေကိုချစ်ကြည့်ကြပါစို.။

ကိုဇာနည်

(88 မျိုးဆက်ကျောင်းသားများ)

No comments: