Pages


 

Tuesday, November 30, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

0 comments


နိုင်ငံရေး အကျဉ်းသားမိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားနေစဉ်

ဓာတ်ပုံများAP, REUTERS, GETTY IMAGES
ယနေ့ မနက်ပိုင်းက ဗဟန်းမြို့နယ် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းတိုက်မှာ ပြုလုပ်တဲ့ ဘူးသီးတောင် အကျဉ်းထောင်မှာ နှစ်ရှည်အကျဉ်းကျခံနေရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်ရဲ့ မိခင်ကွယ်လွန်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းသွပ်တရားနာပွဲ သို့ အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဘဘဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် ဘဘဦးဝင်းတင်၊ အထွထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးယုံကြည်ချက်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း နအဖအကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်..။





  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုဋ္ဌေးကြွယ်ရဲ့ မိခင်ကွယ်လွန်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းသွပ်တရားနာပွဲတက်ရောက် (ဟံသာဝတီသတင်းဋ္ဌာန ရုပ်သံ)

နေ့လည်ပိုင်းမှာတော့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သတင်းဋ္ဌာနကြီး နှစ်ခုမှ တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်..။

လာမည့် ဒီဇင်ဘာလ (၁)ရက်နေ့မှာ ကျရောက်မယ့် (၉၀)ပြည့်နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအား ယခုနှစ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်နိုင်မှာ ဖြစ်တဲ့အတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရပါသည်...။

ဒီဇင်ဘာလ(၁)ရက်နေ့မှာ ကျရောက်တဲ့ WORLD AIDS DAY အခမ်းအနားအား အမျိုးသားအောင်ပွဲနေ့နဲ့ တိုက်ဆိုင်နေတဲ့ အတွက် ကြာသာပတေးနေ့ ဒီဇင်ဘာ (၂)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး ရန်ကုန်မှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းမှ အဆိုရှင်တစ်ဦးနဲ့ တွဲဖက်၍ ဂစ်တာတီး ဖျော်ဖြေမှာ ဖြစ်ကြောင်းသိရှိရပါသည်..။

No comments: