Pages


 

Thursday, January 26, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပါကစ္စတန်သမ္မတAsif Ali Zardariမှ ဘာနာဇီယာဘူတို ဒီမိုကရေစီဆု ချီးမြှင့်

0 comments


မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့  ဒီကနေ့ ၂၅ရက်နေ့က် ပါကစ္စတန်သမ္မတAsif Ali Zardariမှ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးအတွက် အနစ်နာခံ တိုက်ပွဲဝင်ခဲ့မှုအား ဂုဏ်ပြုသည့်အနေဖြင့် ဘာနာဇီယာဘူတို ဒီမိုကရေစီဆုအား  ချီးမြှင့်ပေးအပ်ခဲ့ပါတယ်..။
 ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်းရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား  ပါကစ္စတန်သမ္မတAsif Ali Zardariနှင့် သားဖြစ်သူနဲ့ သမီးဖြစ်သူပါ အတူလိုက်ပါ လာရောက်တွေ့ဆုံခဲ့ပါသည်။
 ယနေ့ရရှိတဲ့ ဆုတံဆိပ်ဟာ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့တဲ့ နိုင်ငံတကာဆုများအနက် ဒုတိယမြောက် ကိုယ်တိုင် ရယူလက်ခဲ့တဲ့ ဆုတံဆိပ်ဖြစ်ပါတယ်..။ အဆိုပါ ဆုတံဆိပ်ဟာ ၂၀၀၇ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံရပြီး ကွယ်လွန်သွားခဲ့တဲ့ ပါကစ္စတန် အမျိုးသမီးဝန်ကြီးချုပ် ဘာနာဇီယာဘူတို အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်တဲ့ ဆုတံဆိပ်ဖြစ်ပြီး ပထမဦးဆုံး ဆုတံဆိပ်ကိုတော့ ၂၀၀၈ခုနှစ်က စတင်ချီးမြှင့်ခဲ့ပါတယ်..။ ယခုလာရောက် တွေ့ဆုံတဲ့ ပါကစ္စတန်သမ္မတAsif Ali Zardariဟာ ကွယ်လွန်သူ ဝန်ကြီးချုပ် ဘာနာဇီယာဘူတိုရဲ့ ခင်ပွန်းဖြစ်ပါတယ်။
ဓာတ်ပုံများ Getty Images,AP, Reuters

No comments: