Pages


 

Friday, April 29, 2011

Blinker Hacker Group မှ နအဖ အား DDos ဖြင့်တိုက်ခိုက်နေမှုများ ခေတ္တရပ်တန့်ထားမည် ဖြစ်ကြောင်း အသိပေး ကြေငြာချက်

0 comments


Blinker Hacker Group မှ နအဖ အား DDos ဖြင့်တိုက်ခိုက်နေမှုများကို ယနေ့ နံနက်ပိုင်းမှ စတင် ပြီးရပ်တန့်ထားလိုက်ကြောင်း သတင်းရရှိပါသည်။ 

Blinker Hacker အဖွဲ့မှ ထိုသို့ရပ်တန့်လိုက်ခြင်းမှာ အများပြည်သူ သုံးစွဲနေသော ကွန်ရက်ကို ထိခိုက်နေပါသည်ဟု နအဖမှပြောကြားချက် နှင့်ပတ်သက်ပြီး အမှန်တစ်ကယ် ထိခိုက်မှုရှိမရှိကို အများပြည်သူများ သိရှိစေရန်ဖြစ်ပြီး ၊ ထိုသို့ရပ်တန့်ထားချိန်တွင် အများပြည်သူ သုံးစွဲနေသော အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်လာခြင်းရှိမရှိ ကိုစောင့်ကြည့်နေမည်ဖြစ်ပါသည်။ အများပြည်သူများအနေဖြင့် အင်တာနက်လိုင်းများ ကောင်းမွန်တိုးတက်လာခြင်း ရှိမရှိကို သုံးသပ် ပြီး blinkerhackergroup@gmail.com သို့ တိုက်ရိုက်သတင်းပေးပို့ ဆက်သွယ်နိုင်ကြောင်း blinker hacker group မှ ယနေ့မှစတင်ပြီး တစ်လခန့်စောင့်ကြည့်နေမည်ဖြစ်ပြီး တိုးတက်ကောင်းမွန်လာခြင်းမရှိပါက နအဖ ၀န်ကြီးဌာနလိုင်းများ စစ်တပ်အသုံးပြုနေသော ကွန်ရက်များ ကို ယခုထက်ပိုမိုမြှင့်တင်ပြီး တိုက်ခိုက်သွားမည်ဟု ပြောကြားပါသည်။

မြန်မာပြည်တွင်း အင်တာနက်လိုင်းများအသုံးပြုနေပုံမှာ China, Thai , India တို့အား border gateway ဖြင့် ချိတ်ဆက်ထားရှိပြီး se me we 3 ရေအောက်ဆက်ကြောင်းဖြင့်လဲ ဆက်သွယ်ထားရှိပါသည်။ အများပြည်သူတို့ သုံးစွဲနေသော လိုင်းများကို se me we 3 ဖြင့်သာ ချိတ်ဆက်ထားရှိပေးပြီး Inland gateway များကို စစ်တပ်နှင့် ၀န်ကြီးဌာန များမှ သာ ရယူသုံးစွဲနေခြင်းဖြစ်သဖြင့် အဖွဲ့အနေဖြင့် အများပြည်သူ သုံးစွဲနေသော လိုင်းများအား မထိခိုက်စေပဲ တိုက်ခိုက်နေခဲ့ကြောင်း ထိုသို့ တိုက်ခိုက်နေခြင်းကြောင့် အများပြည်သူသုံးစွဲမှု ထိခိုက်ခြင်းမရှိပဲ နအဖ အင်တာနက် စာမျက်နှာများ ၀န်ကြီးဌာနများ စစ်တပ် ကွန်ရက်များ ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ပြောဆိုသွားပါသည်။

အများပြည်သူများအနေဖြင့် နအဖမှ ပြည်ပတိုက်ခိုက်မှုကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေသည်ဆိုသည့် သတင်းဖြန့်ချီချက်အား နားမယောင်ကျပါရန်နှင့် ယခု တိုက်ခိုက်မှု တစ်လခန့် ရပ်နားလိုက်ချိန်တွင် အမှန်တကယ် တိုက်ခိုက်မှုကြောင့်နှေးကွေး ခြင်း သို့မဟုတ် နအဖ မှ အများပြည်သူများ အား အင်တာနက် အသုံးပြုမှု သတင်းအချက်အလက် စီးဆင်းမှု အဝေးရောက်မိသားစုများ online တွေ့ဆုံမှု စသည့် လူမှုအခွင့်အရေး များ ကို ပိတ်ပင်တားဆီး ချင်သော စေတနာဆိုး လား ဆိုသည်မှာ အများပြည်သူများ လက်တွေ့ သိရှိလာမည်ဖြစ်ကြောင်းပြောကြားပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယအဆိုးဝါး ဆုံး အင်တာနက်ပိတ်ပင်မှုနိုင်ငံအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး အများပြည်သူ သုံးစွဲနေသော အီးမေးလ် နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြားဖြတ်စောင့်ကြည့် ရယူနေမှုများ လဲပြုလုပ်လျက်ရှိပါသည်။

အများပြည်သူများ ယခုသတင်းအား ဆက်လက်ဖြန့်ဝေ ပေးပါရန်နှင့် မိမိတို့ ဒေသတွင်း အင်တာနက်လိုင်းများ ကျဆင်းမှု များကို အီးမေးလ်ပေးပို့ ရန် မေတ္တာရပ်ခံပါသည်။

ဆက်သွယ်ရန် blinkhackergroup@gmail.com (not for chatting)

http://www.blinkhackergroup.net သို့ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

No comments: