Pages


 

Wednesday, March 17, 2010

ပြည်ပရောက် နိုင်ငံရေးသမားများသို့ အိတ်ဖွင့်ပေးစာ

0 comments


ရန်ကုန် အလုပ်သမား ဆန္ဒပြဦးရေ ထောင်နဲ့ချီတိုးလာ အချိန်မှာ ပြည်ပရှိ နိုင်ငံရေးသမားတစ်ချို့ဟာ သူရဲ့ ပြဿနာပေါင်းစုံကို ဖြေရှင်းချက်တွေ ထုတ်နေတာကို ဦးဇင်းတို့တွေနေရတော့ အတော့်ကိုစိတ်မကောင်း ဖြစ်ရပါတယ် တိုင်းပြည်ကို တစ်ကယ်ချစ်ရဲ့လားလို့ မေးချင်ပါတယ်။ ပြည်တွင်းက ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေတယ် ဆိုတာကို အားလုံးသိကြရဲ့လားလို့တွေးနေမိပြီး ပြည်ပမှာ မိမိကိုယ်နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့သူတွေရဲ့ ပြည်တွင်းက သူတို့မိသားစုတွေ မပါလို့လား ထင်နေမိပါတယ် အမှန်ဆိုရင် အခုချိန်မှာ တိုင်းပြည် အတွက် အမှန်တရား အတွက်တိုက်ပွဲဝင်နေကြတဲ့ သူတွေမှာ လုပ်ရမယ် အလုပ်တွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် အလုပ်ရမယ်အချိန်ပါ ပြည်ပရောက် နိုင်ငံရေးသမားတွေကို ဦးဇင်းတို့ သံဃာတွေ အနေနဲ့ အမှာစကားပါးချင်တာကတော့ အခုချိန်မှာ ရှင်းစရာရှိရင်လည်း ခဏရပ်ထားပြီး တိုင်းပြည် ဂျောက်ထဲကျမည်အရေးကို ဦးစားပေးစဉ်းစားကြပါလို့ ဦးဇင်းတို့က မေတ္တာရပ်ခံပါတယ် ။


အခုဆိုရင် မြန်မာပြည်က အလုပ်သမား ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ယခုအချိန်မှာ အလုပ်သမားတွေနဲ့ အတူလက်တွဲပြီး စစ်အာဏာရှင် စနစ်ကို ဝိုင်းဝန်းဖြုတ်ချရမယ့် အချိန်ဆိုတာ အားလုံးနားလည်ဖို့ သင့်ပါတယ် အခုဆိုရင် အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေဟာ နေ့စဉ်ရက်ဆက်သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုလာကြတာ ကျေနပ်အားရစရာ အကောင်းဆုံးအချိန်ပါပဲ ပြည်ပမှာကတော့ ငါကဘာလုပ်ခဲ့တာ သူကတော့ ဘာတွေလုပ်တာနဲ့ အချိန်တွေကုန်နေတာ တွေရတော့ အတော့်ကို စိတ်မကောင်း ဖြစ်ရပါတယ် ။

အမှန်တစ်ကယ် ရှင်းလင်းချက်ထုတ်ချင်ရင် တိုင်းပြည်ကို စစ်အာဏာရှင် လက်အောက်က လွတ်မြောက်အောင် အရင်ဆုံးလုပ်ပြီး ဖြေရှင်းကြပါ။ ယခု အချိန်ဟာ ပြည်ပရောက်နေတဲ့ ခေါင်းဆောင်တွေ အနေနဲ့ ကြေငြာချက်ထုတ် ရုံလောက်နဲ့ မရတော့ပါဘူး အများစုပါဝင်နိုင်တဲ့ တွေ့ဆုံးဆွေးနွေးရမယ့် အချိန်ပါ ပြည်တွင်းပြည်ပ ကွန်ယက်တွေကို တည်ဆောက်ရမယ် အချိန်ဆိုတာ ကိုယ်ကိုကိုယ် နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့ သူတိုင်းရဲ့ ဦးနှောက်မှာ ထည့်ရမယ် အချိန်ဆိုတာ အားလုံးနားလည်ဖို့ သင့်ပါတယ်။

မိမိတို့ အတွက်နဲ့ ပြည်သူတွေ စိတ်ညစ်ရမယ့် အလုပ်မျိုးကို မလုပ်ကြပါနဲ့ မိမိတို့ကိုယ်တိုင်က အမှန်တရားအတွက် ပြည်သူအတွက်ပါလို့ပြောပြီး မိမိတို့ရဲ့ နှစ်ပေါင်းနှစ်ဆယ် အတွင်းဖြစ်ပျက်ခဲ့တာတွေကို ဒီချိန်မှာမရှင်းကြပါနဲ့ တစ်နေ့ကျရင် သမိုင်းတရားခံဟာ ဘယ်သူတွေလည်းဆိုတာ ပြည်သူတွေက သိပါတယ် ဘယ်သူကတော့ ဘာလုပ်ခဲ့ပါတယ်လို့ပြောပြီး အပြစ်ဖို့နေမယ့်အစား ဒီမိုကရေစီ အရင်ရအောင်လုပ်ကြပါ။ ဒီမိုကရေစီရလာရင် သမိုင်းကိုထောက်ပြပေးမယ် ပြည်သူတွေ ရှိပြီးသားပါ။ ၂၀၀၇ခုနှစ်က သံဃာတော်တွေဟာ ဘယ်သူမှာ မလုပ်ရဲ့တဲ့ အလုပ်တွေကို ငြိမ်းချမ်းစွာ လုပ်ပြခဲ့ပြီးပါပြီး ထပ်ပြီးတော့လည်းလုပ်နေကြပါတယ် ပြည်ပရောက် နိုင်ငံရေးသမားတွေ အနေနဲ့ သံဃာတွေနဲ့ လက်တွဲကြပြီး အဖြေရှာကြပါ ။

ဦးဇင်းတို့အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးကိုလည်း ပြောချင်တာကတော့ ခင်ဗျားတို့ကိုယ်တိုင် ညီညွတ်ရေးကိုလိုချင်ရင် အားလုံးပြောင်းလဲပြစ်ဖို့ လုပ်ပါ။ ပြီးကိုယ်ပိုင်အခွင့်ရေးကို လွတ်လပ်စွာ တောင်းဆိုနေတာကို ဦးဇင်းတို့ သံဃာတွေ အနေနဲ့ အပြည့်ဝထောက်ခံပါတယ်။ ဒါပင်မဲ့ အခုအချိန်မှာ စစ်အာဏာရှင် စနစ်ပြုတ်ချရေးဟာ ပိုပြီးအရေးကြီးနေပါတယ်။

အဲဒါကြောင့် ညီညွတ်ရေးဟာ ပထမတန်းမှာ အရေးကြီးကြောင်း နှစ်ပေါင်းများစွာ ပြောခဲ့ကြပြီးပါပြီ အခုလည်း ဒီစကားတွေကို ပြောနေရတော့ ဦးဇင်းတို့အနေနဲ့ အတော်ကိုရှက်မိပါတယ် ကလေးတွေဆိုရင် တစ်ခါပြောပြီးရင် မှတ်မိပါတယ် မြန်မာစကားပုံကို မေ့နေကြလို့လားတွေးမိပါတယ်၊ မေ့သူတွေ အတွက်ထပ်ပြီး သတိပေးလိုက်ပါတယ် ညီညွှတ်ရေးဟာ ပထမတန်းမှာအရေးကြီးပါတယ် ညီညွှင်္ွှတ်မှုမရှိရင် ဘယ်လောက်ပဲ ဒီမိုကရေစီ လုပ်မယ်လို့ ပြောနေပါစေ အောင်မြင်မှု့ဆိုတာ မရနိုင်ပါဘူး။

အခုချိန်မှာ သံဃာတော်တွေ ခေါင်းဆောင်မှုနောက်ကိုလိုက်မှာလား ပြည်ရောက်နိုင်ငံရေးသမားတွေက ခေါင်းဆောင်ပြီးလုပ်မှာလားဆိုတာကို မေးခွန်းထုတ်စရာ ရှိလာပါပြီ စစ်အာဏာရှင်တွေက ၂၀၀၈ခုနှစ် အခြေခံဥပဒေကို အတည်ပြုပြီးပြီဆိုတာ အားလုံးသိပါတယ် မကြာခင် ၂၀၁၀ ရွှေကောက်ပွဲကို ပြုလုပ်တော့မယ် အချိန်ဟာ နီးကပ်နေပြီ ဆိုတာကို သိလျှက်သားနဲ့ မိမိတို့ အတ္တ၊ ကိုယ်အကျိုးအတွက်ပဲ လုပ်နေကြတာတွေ့ရတော့ ဦးဇင်းတို့ သံဃာတွေအနေနဲ့ အထူးပင် စိတ်မကောင်း ဖြစ်ရပါတယ်။

ဦးဇင်းတို့ အဓိက ပြောချင်တာကတော့ အခုလက်ရှိ ဦးဇင်းတို့ မြန်မာပြည်အခြေအနေကို ပြန်ကြည့်ရမယ်ဆိုရင် အခြေအနေက မပြောင်းလဲသေးတော့ ပိုပြီးတော့ ဆိုးလာတယ်။ ပြည်သူလူထုအနေနဲ့ အရမ်းဒုက္ခခံရတယ်၊ ဆင်းရဲတယ်၊ အဲသလိုပြန်ကြည့်ရတဲ့ အခါမှာ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေရော ပြည်ပမှာရှိတဲ့ လူငယ်တွေရော လူကြီးတွေနဲ့ အတူတွဲပြီးတော့ တိုင်းပြည်ရဲ့ ပြောင်းလဲမှု့ တခုခု ဖြစ်လာနိုင်အောင် ဦးဇင်းတို့ အကုန်လုံး ပူးပေါင်း လုပ်ဆောင်ရမှာ၊ ဗမာ၊ ရခိုင်၊ မွန်၊ ကချင်၊ ကရင်၊ ရှမ်းဖြစ်ဖြစ် အားလုံးပေါင်းပြီးတော့ ကျန်တဲ့လူမျိုးစုတွေနဲ့ ပေါင်းပြီးတော့ ဦးဇင်းတို့လုပ်ဆောင်ရမယ်၊ စစ်အာဏာရှင်ကို အမြန်ဆုံးကျဆုံးသွားအောင် လုပ်ဆောင်ရမယ်။

အခု အခြေနေတိုင်းဆိုရင် တိုင်းပြည်က ဒီထက်မကပိုပြီးတော့ ပျက်စီးနိုင်တယ်၊ မျက်စိတွေ၊ နားတွေ ဖွင့်ပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာတခုခု လုပ်ပေးပါလို့ ဦးဇင်းတို့က တောင်းဆိုချင်ပါတယ်။


ဦးဇင်းတို့ အာလုံးလုပ်ဆောင်ရမယ် အလုပ်တွေအများကြီး ရှိသေးပါတယ်။ အဲဒါကြောင့် တိုင်းရင်သား ညီးအစ်ကိုမောင်နှမများ အနေနဲ့ မျှော်လင့်ချင်းတွေနဲ့ စောင်စားမနေကြပဲ အလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့လိုပါပြီ စစ်အာဏာရှင်တွေကပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေက အသိအမှတ် မပြုဖို့၊ မထောက်ခံဖို့ ဦးဇင်းတို့ ရှေ့ဆက်ပြီး တော့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။ ဥရောပ သမဂ္ဂကနေ စစ်အာဏာရှင်တွေကို ဒီထက်ပိုပြီး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ တောင်း ဆိုရမယ်။ ပြီးတော့ တဆက်တည်းမှာပဲ နိုင်ငံတကာက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးတာတွေကို ရပ်ဆိုင်းဖို့၊ ပြည်တွင်းမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ဦးဇင်းတို့က ဗြိတိန်အစိုးရကို တောင်းဆိုရမယ် ကမ္ဘာ့ ကုလသမဂ္ဂကနေ တဆင့် ကော်မရှင်တခုကို ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုရမှာတွေ အများကြီးရှိနေတယ် ဆိုတာကို အားလုံးနားလယ်ကြဖို့ လို့ပါတယ် ။


တကယ်တမ်း လောကမှာ အရေးအကြီးဆုံးက ဖြူစင်တဲ့ရရိုးသားမှုသာ ဖြစ်ကြောင်း သဘောပေါက် နားလည်သူ ရှားပါတယ်… မိမိပါတ်ဝန်းကျင်မှာ ရှာဖွေကြည့်ရင် ရုပ်လှသူနဲ့ မလှသူကို အလွယ်တကူ ခွဲခြားလို့ရနိုင်ပေမဲ့ ဖြူစင်ရိုးသားတဲ့ စိတ်ထားရှိသူကိုတော့ ရုတ်တရက်ခွဲခြားတွေ့ဖို့ မလွယ်ကူပါဘူး…. ဒါကြောင့် တကယ် အလှစစ်နဲ့ လှတဲ့သူကိုသေချာ ရှာတတ်ဖို့ လိုပါတယ်…..အပေါ်ယံ ရုပ်ရည်ကိုသာကြည့်ပြီး ရွေးချယ်မယ်ဆိုရင်တော့ တကယ့်အလှစစ်ကို တွေ့ဖို့ဝေးနေဦးမှာပါ… ကိုယ့်ဘေးမှာ ရှိနေပါလျှက်နဲ့ ရုပ်မလှလို့ ဂရုမစိုက်မိတဲ့ ဖြူစင်ရိုးသားတဲ့ နှလုံးသားအလှ ပိုင်ရှင်လေးများကို လက်လွှတ်မသွားခင်၊ နောက်မကျခင်မှာ သေချာ ရှာဖွေကြပါလို့ အကြံပြု လိုက်ပါရစေနော်… ရုပ်အလှ ပြည့်စုံသူများလည်း၊ စိတ်နှလုံးအလှပါ ထပ်ဆောင်းလို့ အလှဆုံးသော သူများဖြစ်နိုင်ကြပါစေ….......... အမှန်တရားစစ်ကို ရှာဖွေတွေ့ရှိ နိုင်ကြပါစေ…......။


တော်လှန်ရေးသစ္စာဖြင့် စာရေးသူအရှင် (ဖျာပုံ) ပြည်တွင်းတစ်နေရာ ဆရာတော်သံဃာတော်များရဲ့ ဆန္ဒအရ ရေးသားချင်းဖြစ်ပါတယ် တိုက်ခိုက်လိုသော ဆန္ဒအရ ရေးသားချင်းမဟုတ်ပါဘူး ဆိုတာကိုဝန်ခံရင်း တပည့်တော်အနေနဲ့ အရင်တောင်းပန်ပါတယ် ဘုရား။

No comments: