Pages


 

Monday, July 19, 2010

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌဘဘဦးတင်ဦးအိမ်မှာ ကျင်းပပြုလုပ်တဲ့ (၆၃)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနား

0 comments




ယနေ့ကျရောက်တဲ့ (၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီမှ (၁၂)နာရီအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌဘဘဦးတင်ဦးအိမ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးများ၊ CRPP အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူနှင့် ပြည်သူများ စုစုပေါင်း လူဦးရေ (၅၀၀)ခန့် တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနား၌ ဘဘသခင်ချန်ထွန်း၊ ဘဘဦးတင်ဦး၊ ဘဘဦးသန်းထွန်း၊ ဘဘဦးဝင်းတင်တို့မှ အာဇာနည်နေ့အကြောင်းနှင် တွေ့ကြုံဖြတ်သန်းခဲ့မှု အတွေ့ကြုံတွေနဲ့ ယှဉ်ပြီး သင်ခန်းစာများနှင့် ယနေ့လက်ရှိ အာဇာနည်နေ့ကို မှေးမှိန်အောင် ပြုလုပ်နေမှုကို စိတ်မကောင်းကြောင်း ပြောဆိုခဲ့ပါတယ်။

ဘဘဦးဝင်းတင်မှ လူငယ်များအား ဆုံးမသြဝါဒပေးရာတွင် လူငယ်တွေဆိုတာ မည်မျှပင် တော်စေကာမူ မှားယွင်းသွားလျှင် လမ်းမှားသို့ ရောက်နိုင်ကြောင်းကို ဘဘဦးဝင်းတင်တို့မြို့မှ ဗိုလ်ချုပ်တို့အား လုပ်ကြံရာတွင် ပါဝင်ခဲ့သော (စိန်ကြီး) နှင့် ဥပမာပေး၍ ဆုံးမသြဝါဒစကား ပြောဆိုခဲ့ပါသည်။

ယနေ့ဗိုလ်ချုပ်တို့ ကျဆုံးချိန်ဖြစ်သည့် မနက် (၁၀)နာရီ (၃၇)မိနစ်အချိန်တွင် ဥသြဆွဲပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် အလေးပြုခဲ့ကြပါတယ်။ တက်ရောက်လာသူများအား ကော်ဖီ၊ဘိန်းမုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးပါတယ်။

ယနေ့အခမ်းအနား ပြုလုပ်နေစဉ်အတွင်း အာဏာပိုင်များမှ ခြံဝင်းအတွင်းသို့ ဝင်လာပြီး ဗိုလ်ချုပ်ပုံပါသည့် အကျီများဝတ် လမ်းလျှောက်ပြီး အာဇာနည်ကုန်း မတက်ရောက်ရန်နှင့် ကားများ စီစဉ်ပေးမည် ဖြစ်ကြောင်း လာရောက် တားမြစ်ညှိုနှိုင်းပါသည်။ အာဏာပိုင်များမှ ကားများ စီစဉ်ပေးမည် ဆိုသော်လည်း မည်သူတစ်ဦး တစ်ယောက်မျှ လိုက်ပါခြင်းမရှိပဲ မိမိအစီအစဉ်ဖြင့် လမ်းလျှောက် သွားရောက်ခဲ့ကြပါတယ်။ ထိုသို့သွားရောက်ရာ၌ ပန်းခြင်း ကိုင်ထားသူများအား တားမြစ်ပြီး ပန်းခြင်းမပါသူများအား သွားရောက်ခွင့်ပြုကြောင်း၊ အခမ်းအနား ပြီးဆုံးတဲ့အချိန်မှာ လူတစ်ရာခန့်မှ အာဇာနည်ကုန်းသို့ သွားရောက်ဂါဝရပြုကြပြီး အာဏာပိုင်များမှ ဓာတ်ပုံရိုက် မှတ်တမ်းတင်ကြောင်း သိရှိရပါသည်။

No comments: