Pages


 

Tuesday, August 16, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ်

0 comments
ဗီဒီယိုဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?56m21gc12857c5s
ပဲခူးမြို့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်း ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မှ ပြည်သူလူထုထံသို့ အသိပေး ပြောကြားခဲ့သော စကားများ (၁၄-၈-၂၀၁၁)

“ကျမ ပဲခူးကို တခေါက်လာတုန်းက အဲဒီတုန်းက ကမ္ဘာ့ဘောလုံးပွဲ နောက်ဆုံးနေ့ ဖြစ်တယ် အဲဒီနေ့မှာတောင်မှ ပဲခူးက မြို့သူမြို့သားတွေက ထွက်ပြီးတော့ ကြိုကြတာ၊ အဲဒီတုန်းက ဘဘ ဦးတင်ဦးက မေးတယ် ဘောလုံးပွဲ မကြည့်ဘူးလားလို့ မေးတယ် ဆိုတော့ ပြန်ဖြေတာက ဘောလုံးပွဲကတဲ့ ၄ နှစ်တခါ ကြည့်ရတယ်တဲ့ ကျမလာတာက ၁၁ နှစ်မှ တခါလာတာတဲ့”

မျှော်လင့်ချက်နဲ့ ထောက်ခံတယ် ဆိုတော့ ကျမတို့ကလည်း ကိုယ့်တာဝန် ကိုယ်ကျေရမယ် ဆိုတာ ကျမတို့ အများကြီး နားလည်ပါတယ်"

“နိုင်ငံရေးဆိုတာ ဘာလဲဆိုတော့​ ကိုယ့်နိုင်ငံကို တိုးတက်အောင် အေးချမ်းအောင်လို့ တည်ငြိမ်အောင်လို့ ညီညွတ်အောင်လို့ ဒါမှသာ နိုင်ငံရေးခေါ်တယ် အဲဒီတော့ နိုင်ငံရေးဟာ နိုင်ငံရေးပဲ နိုင်ငံရေးကို ရှေ့ထားပြီးတော့ ကျမတို့ လုပ်နိုင်ရမယ်၊ အမှန်ပြောရမယ်ဆိုရင် နိုင်ငံသူနိုင်ငံသားအားလုံး​ တယောက်ချင်း တယောက်ချင်းစီမှာ ဇောက်ချ ပြီးတော့ ဘဝပေးပြီးတော့ နိုင်ငံရေးမှာ လုပ်နိုင်ရမယ်”

“ကျမတို့နိုင်ငံမှာ ပြောပြောနေတယ် ဝန်ထမ်းတွေလိုတယ်၊ ကျောင်းဆရာ ဆရာမတွေလိုတယ်၊ ဆရာဝန်တွေ လိုတယ် အမျိုးမျိုးပေါ့၊ အဲဒီတော့ လိုအပ်ချက်တွေက အများကြီးရှိတဲ့အခါကျတော့ လူတိုင်းလူတိုင်းက အချိန်ပြည့် နိုင်ငံရေး လုပ်ရမယ်လို့ မဆိုလိုဘူး”

“နိုင်ငံရေးလုပ်တယ်ဆိုတာဟာ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေ ကိုယ်စားပြုတဲ့ ပြည်သူလူထု မျှော်လင့်ချက်တွေကို အကောင်အထည် ဖေါ်ဖို့ လိုပါတယ် အဲဒီတော့ နိုင်ငံရေး လုပ်တယ် ဆိုတာဟာ အလုပ်နဲ့ တာဝန်နဲ့လည်း တွဲရမယ်၊ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်၊ ပြည်သူတွေ တာဝန်သိမှ ကိုယ်လိုချင်တဲ့ ကိစ္စတခုကို ပုံစံဖေါ်နိုင်မှာ၊ ကိုယ်က တာဝန်မယူဘဲနဲ့ ငါတို့လုပ်ချင်တဲ့ ပုံစံမဖြစ်ဘူး အဲဒီလို ပြောလို့ မရဘူး၊ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ရအောင်လို့ ကျမတိုက်တွန်းချင်တယ်”။ 

 ကျွန်မ ပဲခူးကို ၀င်လာတဲ့အခါမှာ ကျွန်မရဲ့ အင်မတန်မှ စိတ်ချမ်းသာစရာတစ်ခုက ဘာလဲဆိုတော့ အခုကျွန်မ တို့ကို လာပြီး တော့ထောက်ခံ အားပေးတဲ့ လူအုပ်တွေထဲမှာ လူငယ်တွေ အင်မတန်များတယ်။  ဒါကျွန်မတို့တိုင်းပြည်ရဲ့ အနာဂတ်အတွက် အန်မတင်ကောင်းပါတယ် လူငယ်တွေဟာ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်မှာ စိတ်ဝင်စားရမယ် ကိုယ့်တိုင်းပြည် ဘာဖြစ်မယ်ဆိုတာကိုကိုယ်ကနေ သိချင်တဲ့ စိတ်ရှိရမယ် ကိုယ့်တိုင်းပြည်ကို ကိုယ်လိုချင်တဲ့လမ်းပေါ်ကို တင်ပေးချင်တဲ့ စိတ်ရှိရမယ် ငါတို့ တင်ပေးလို့ရတယ် ဆိုတဲ့ ယုံကြည်မှုရှိရမယ်။

အဲဒီလိုလူငယ်တွေကို တွေ့ရတဲ့အခါ ကျတော့ ကျွန်မအင်မတန်မှ အားတတ်တယ် ဒီတော့ ကျွန်မလူကြီးတွေကို တန်ဖိုးမ​ထားဘူးလို့လား မဟုတ်ဘူး အင်မတန်မှ တန်ဖိုးထားတယ် ဒါပေမဲ့ လက်တွေ့ကျကျ ပြောရမယ်ဆိုရင် လူငယ်တွေမှာ အချိန်တွေအများကြီးရှိတယ် ရှေ့မှာ လူကြီးတွေက လူငယ်တွေ လောက်အချိန်မရှိဘူး ဒီတော့ လူငယ်တွေကို အနာဂတ်အတွက်အားကိုးရမယ် လူကြီးတွေနဲ့လူငယ်တွေ ဆိုတာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ပေး နိုင်တဲ့ကိစ္စ တွေအများကြီးတယ်။ နောက်ဆုံးတော့ကျွန်မတို့တို​င်းပြည်အတွက် တကယ်ပဲ ပူးပေါင်းဆောင်ရွက်ချ​င်တယ် ဆိုလို့ရှိရင် တစ်ယောက်နဲ့ တစ်ယောက် ပူးတွဲပြီး လုပ်နိုင်စရာ အကြောင်းတွေ အများကြီးရှိတယ်​ (ဒေါ်အောင်ဆန်းစုကြည်)။။။

No comments: