Pages


 

Saturday, September 3, 2011

၂၀၁၀ခုနှစ် ဧပြီလ ၁၇ရက်နေ့က မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း Asia World ကုမ္ပဏီရုံးဝင်းအတွင်းမှာ ဗုံးပေါက်ကွဲ

0 comments


၂၀၁၀ခုနှစ် ဧပြီလ ၁၇ရက်နေ့က ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းမှာ အဓိက ပါဝင်တဲ့ လောစစ်ဟန်သား ဦးထွန်းမြင့်နိုင်ပိုင် Asia World ကုမ္ပဏီရုံးဝင်းအတွင်းမှာ ပေါက်ကွဲခဲ့တဲ့ သတင်း၊ ရုပ်သံပါ...။ မြန်မာစံတော်ချိန် မနက် ၂နာရီ၄၀မိနစ်မှာ ပေါက်ကွဲခဲ့တာပါ...။ Asia World ကုမ္ပဏီရုံးဝင်းလို့သာ သိရတယ် အသံတွေကတော့ တရုတ်လိုပြောနေတာတွေပဲ ကြားနေရတာပါ...။



ဗုံးပေါက်ပြီးချိန် ရိုက်ကူးထားတဲ့အတွက် အစပိုင်း ၁မိနစ်ကျော်ခန့် အနည်းငယ် မှောင်နေပါလိမ့်မယ်..
ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?ga1qfm6nd8mrzrx
အပျက်အစီးတွေကတော့ ရုပ်သံထဲမှာ မြင်ရတဲ့ အတိုင်းပါပဲ။ အဆိုပါ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိုစဉ်က တိကျစွာ သတင်းပေးနိုင်သူအား မြေ(၁)ကွက်၊ ငွေသိန်း(၅၀)နဲ့ CDMA တလုံးပေးမယ်လို့ လျှက်တပြက် ဂျာနယ်မှာ ဖော်ပြထားပါတယ်...။

ဧရာဝတီမြစ်ဆုံ စီမံကိန်း သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီကို ချစ်ခင်မြတ်နိုး၊ ထာဝရရှင်သန်လိုတဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အများသိအောင်  သိရှိထားတာတွေကို ဆက်လက်ဖော်ထုတ် ရေးသား တင်ပြသွားပါမယ်...။ ကျွန်တော် ယခင်ဖော်ထုတ် တင်ပြခဲ့တဲ့ "fierce battle Myitkyina" သတင်းရုပ်သံလို တတ်နိုင်သူတွေ ဘာသာပြန် ဖော်ထုတ်ပေးကြပါ..။ ဆက်လက် ဖော်ပြပေးပါမယ်...။
 ၂၀၀၆ခုနှစ် ကုန်ပိုင်းလောက်ကတည်းက မြစ်ဆုံဆည် စီမံကိန်းအတွက် Survey လာလုပ်ခဲ့တဲ့ တရုတ် ပညာရှင်အဖွဲ့
 ၂၀၀၆ခုနှစ် နှစ်ကုန်ပိုင်းမှာ မြစ်ဆုံမှာ အခြေပြုပြီး တိုင်းတာလုပ်ကိုင်နေကြပါပြီ..
 အခြေချစခန်းအတွင်းမှ တိုင်းတာရေး တရုတ်ပညာရှင်များ အမိမြေပေါ်၌ ဤသို့
အမိဧရာဝတီအတွက် ကျွန်တော်တို့အားလုံး ကိုယ်တတ်နိုင်တာတွေ ပူးပေါင်းလုပ်ကိုင်ကြပြီး မတရားတဲ့လုပ်ရပ်တွေကို အမျိုးသားရေးတာဝန် တရပ်အနေနဲ့ ကန့်ကွက် လုပ်ဆောင်ကြရအောင်ဗျာ.....။

No comments: