Pages


 

Tuesday, January 3, 2012

လွတ်ငြိမ်းချမ်းသာခွင့် ပေးသော်လည်း နိုင်ငံရေးအကျဉ်းသမားများ မလွတ်သေး

0 comments
(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမ္မတဦးသိန်းစိန်၏ အမိန်ကြေငြာစာ အမှတ်၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် တစ်ကျွန်း (နှစ်အကန့်အသက်မရှိ) သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ်၃၀သို့ လည်းကောင်း၊ ထောင်ဒဏ်နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊ ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းများဖြစ်သော MRTV ၊ MRTV- 4 တို့တွင်ယနေ့ ညနေ ၄နာရီ ၂၀မိနစ်က ထုတ်လွှင့် ကြေငြာသွားသည်။ ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ထုတ်ပြန်လိုက်သည့် အတွက် နိုင်ငံရေး အကျဉ်းသမားများ လုံးဝလွတ်မြောက်ဖွယ် မရှိနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများထံမှ သိရသည်။

No comments: