Pages


 

Tuesday, February 14, 2012

အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်

0 comments


 အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်

၁၃.၂.၂၀၁၂ ရက်နေ့သည် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင် ဆန်းမွေးနေ့ဖြစ်သည်နှင့်အညီဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်အရေးအဖွဲ့ ရုံးခန်းဖွင့်လှစ်ခြင်းအခမ်းအနားကိုအမှတ် ၁၀၁ (ဘီ)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် နံနက် (၈း၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ရုပ်ရှင်အနုပညာသမားများ၊ စာပေအနုပညာရှင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့အပြင် အလှူရှင်များ၊ စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့ကြသည့် အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူကြီးများ၊ လူငယ်များ တက်ရောက် အားပေးခဲ့ကြသည်။

ဦးစွာ ကျဆုံးသွားပြီဖြစ်သော အာဇာနည်သူရဲကောင်းများအား ရည်စူး၍ (၁) မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုခြင်းကို ပြုလုပ်၍ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “ဗိုလ်ချုပ်၏သမိုင်းကို ရိုက်ကူးရာတွင် တက္ကသိုလ်ကျောင်းသား ဘဝကို ပီပြင်ဖို့လိုကြောင်း၊ ကျောင်းသားသမ္မဂ္ဂ အဆောက်အဦးနှင့် လှုပ်ရှားမှုများပါဝင်ရန် အရေးကြီးကြောင်း”တိုက်တွန်း ပြောဆိုခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်မှ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ရာ ဆရာတော်အရှင်ဆန္ဒာဓိက၊ ဇာတ်မင်းသားဖိုးချစ်၊ ဦးကျော်သူ၏ ဖခင်၏ “အမျိုးသား” ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးစိန်တင်+ဒေါ်မြသန်းတို့အား ပေးအပ်ခဲ့သည်။ 
 ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအားနံနက် (၁၀း၃၀) နာရီခန့်တွင် ရုပ်သိမ်းခဲ့သည်။ အခမ်းအနား ပြီးဆုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့အား တွေ့ဆုံစကား ပြောကြားခဲ့ပါသည်။
ထို့ကြောင့် ယနေ့ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (၁၃.၂.၂၀၁၂) မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် “အမျိုးသား” ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင်တစ်ဦး ဖြစ်သွားပြီ ဖြစ်တော့သည်။

No comments: