Pages


 

Thursday, October 31, 2013

သြစတြေးလျအစိုးရသစ် တရုတ် Huawei ကို ဆက်လက်ပိတ်ပင်

0 comments
 
 ဆစ်ဒနီ၊ အောက်တိုဘာ ၂၉

သြစတြေးလျနိုင်ငံ အစိုးရသစ်သည် တရုတ်ပြည် Huawai နည်းပညာကုမ္ပဏီကို နိုင်ငံအတွင်း ဒေါ်လာ ၃၈ ဘီလီယံတန် NBN (National Broadband Network) လုပ်ငန်းလုပ်ပိုင်ခွင့်အား ဆက်လက် ပိတ်ပင်လိုက်ကြောင်း ရှေ့နေချုပ်က ထုတ်ပြန်ကြေညာသည့် သတင်းကို Reuters သတင်းတွင် ဖော်ပြထားသည်။

ယခင် လေဘာအစိုးရ လက်ထက်တွင် အင်တာနက်နှင့် ဆိုက်ဘာလုံခြုံရေး အကြောင်းပြချက်ကြောင့် Huawai ကုမ္ပဏီ ကို နိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပိတ်ပင်ခြင်း ခံထားရသည်။

ယမန်နှစ် ကတည်းက Huawai ကုမ္ပဏီသည် Network နှင့် ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းအားလုံး လုပ်ပိုင်ခွင့်ကို ရရှိထားသော်လည်း လုံခြုံရေးအတွက် စိတ်မချရ ဆိုသည့် အကြောင်းပြချက်နှင့် ယခုကဲ့သို့ တားမြစ်ခြင်းခံရရာက အစိုးရသစ် ကလည်း ဆက်လက် ပိတ်ပင်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် သြစတြေးလျနိုင်ငံ တို့သည် လွတ်လပ်သော ကုန်သွယ်ဖက် မဟာမိတ်နိုင်ငံများ အဖြစ် သဘောတူ လက်မှတ်ရေးထိုး ခဲ့ပြီးနောက် အမေရိကန် ဥပဒေအဖွဲ့က Huawai ကုမ္ပဏီသည် အစိုးရကို ထောက်လှမ်းရန်အတွက် စိတ်မချရကြောင်း သတိပေးချက်အရ ထိုသို့လုပ်ပိုင်ခွင့် များကို ပိတ်ပင်ခဲ့ရခြင်း ဖြစ်သည်။

ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် အစိုးရသစ်အနေနှင့် အမျိုးသားလုံခြုံရေး အေဂျင်စီ၏ အစီရင်ခံချက်များ အပေါ် အလေးထားကြောင်း၊ အစိုးရသစ်သည် လက်ရှိမူဝါဒ များကို ချက်ချင်း ပြောင်းလဲပြုပြင်ဦး မည်မဟုတ်ကြောင်း ရှေ့နေချုပ် ဂျော့ဘရန်ဒီစ်က ဆိုသည်။

Huawai ကုမ္ပဏီကို ၁၉၈၇ ခုနှစ် ကတည်းက ထူထောင်ခဲ့ပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အရာရှိဟောင်း ရန်ဇန်ဖေးဆိုသူက ထူထောင်ထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ထို့ကြောင့် တရုတ်အစိုးရနှင့် ဆက်သွယ်ပတ်သက်မှု ရှိမည်ဟု ယူဆကာ အမေရိကန်ပြည်ထောင်စု တွင်လည်း ပိတ်ပင်ထားခြင်း ခံရသည်။

No comments: