ရန်ကုန်-စက်တင်ဘာ၁၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)
တောင်သူလယ်သမားရေးရာကော်မတီသည်
ရန်ကုန်တိုင်းအတွင်းရှိ တိုင်း၊ခရိုင်၊မြို့နယ် တောင်သူလယ်သမားကော်မတီဝင်များကို
ှတော်ဝင်နှင်းဆီစားသောက်ဆိုင်ခန်းမတွင်
တောင်သူလယ်သမားရေးရာပညာပေးသင်တန်းအား
စက်တင်ဘာ၁၅၊၁၆ရက် ၂ရက်ပို့ချခဲ့ကြောင်း NLD မှသိရသည်။
တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို ၀ိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရန်ရည်ရွယ်ပြီး
သင်တန်းပေးခြင်းဖြစ်ပြီးသင်တန်းဆရာများမှာ ဒေါက်တာ စိန်လှဗိုလ်၊ဦးတက်ဝင်းမြိုင်၊ဒေါက်တာထွန်းဝင်း၊
ဦးသံဒိုင်၊ဦးကြည်ဝင်း၊ဦးဟုတ်စန်း၊ဒေါက်တာ ကြည်စိုး၊ ဦးဘဟိန်း၊ဦးမျိုးမြင့်နှင့်ဦးလှမြင့်သန်းတိုဖြစ်သည်။
သင်တန်းသား(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

No comments:
Post a Comment