Pages


 

Friday, October 18, 2013

ဒု သမ္မတရာထူးနှစ်ဦးထားခြင်းသည်နိုင်ငံတော် ဘဏ္ဍာ မလိုအပ်ဘဲ သုံးစွဲရာရောက်

0 comments

  လုပ်ငန်းသီးခြားလုပ်ဆောင်ရန်မရှိသည့် ဒုသမ္မတရာထူး အတွက် နှစ်ဦးခန့်အပ် ထားခြင်းသည် နိုင်ငံ့ဘဏ္ဍာကို မလိုအပ်ဘဲ သုံးစွဲရာရောက်သည်ဟု နိုင်ငံရေးလေ့လာသူ အချို့က သုံးသပ်ပြောသည်။

''ဖွဲ့စည်းပုံမှာ ဒုသမ္မတရဲ့ လုပ်စရာဘာမှမရှိဘူး။ သူ့မှာ သီးခြားဘာ အလုပ်မှ မရှိဘူး။ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ဒုသမ္မတတစ်ယောက်ပဲ ရှိတယ်''ဟု တရား လွှတ်တော်ရှေ့နေ ဦးကိုနီကဆိုသည်။

ဒုသမ္မတ၏ အလုပ်သည် သမ္မတ ခရီးသွားခြင်းနှင့် ကျန်းမာရေး အခက်အခဲရှိခြင်း တို့ ကြုံတွေ့ပါက သမ္မတ၏လုပ်ငန်းကို ဆောင်ရွက်ပေး ရန်ဖြစ်ပြီး သမ္မတဆုံးပါးသွား ပါက သမ္မတနေရာ ဝင်ရောက်၍ တာဝန် ယူရန်ခန့်ထားသည့် ပုဂ္ဂိုလ်ဖြစ်ရာ တစ်ဦး တစ်ယောက်တည်းထားရှိခြင်းသာ သင့်တော်သည်ဟု ၄င်းကပြောသည်။

''ဒုသမ္မတဆိုတာ ဖြစ်လာတာနဲ့ သူ့အတွက် ရုံးတို့၊ အိမ်တို့၊ ကားတို့ ကို ပေးရ မယ်။ နှစ်ယောက်ဆိုတော့ နှစ်ယောက်စာကုန်ကျသွားတာပေါ့''ဟု ဦးကိုနီက ဆက်ပြောသည်။

စာရေးဆရာထင်လင်းဦးကမူ မြန်မာနိုင်ငံ၏ အကျယ်အဝန်းနှင့် လူဦးရေအရ ဒုသမ္မတနှစ်ဦးခန့်အပ်ရန် မလိုအပ်ကြောင်း၊ အကြောင်းေ ကြာင်းကြောင့် သမ္မတနေရာ လစ်လပ်သွားပါကလည်း ဒုသမ္မတနှစ်ဦး ရှိသည့်အတွက် သမ္မတနေရာ အစားထိုးရန် ပြဿနာများ ဖြစ်ပွားလာနိုင်သည်ဟု ဆိုသည်။

သို့သော် ဒုသမ္မတနှစ်ဦးမှာ ၁ နှင့် ၂ ဟူ၍ ခွဲခြားထားသည့် အတွက်သမ္မတနေရာ သို့ ဒုသမ္မတ ၁ ကို ဦးစွာအစားထိုးရမည်ဟု ဦးကိုနီက ထပ်လောင်းပြောသည်။

ဒေါက်တာညိုညိုသင်းကမူ ဒီမိုကရေစီလမ်းကြောင်းကို လျှောက် လှမ်းမည် ဆိုပါက အစိုးရအဖွဲ့ဝင် ဦးရေနည်းပါး၍ အရည်ချင်းပြည့်ဝ သူများသာ ပါဝင်ရန် လိုအပ်သည်ဟု ပြောသည်။

''ဒုသမ္မတကိုပဲ ကွက်ပြောမယ်ဆိုရင် ပုဂ္ဂိုလ်ရေး ဆန်သွားမယ်။ အစိုးရအဖွဲ့ကိုပဲ ပြောချင်တယ်။ အစိုးရအဖွဲ့က ငယ်နိုင်သမျှငယ်ရမယ်။ ပါဝင်တဲ့သူတွေက အရည် အချင်းရှိရမယ်။ အစိုးရအဖွဲ့ကြီးနေရင် ပြည်သူ့ ဘဏ္ဍာကို မလိုလားအပ်ဘဲ သုံးစွဲနေ သလို ဖြစ်နေမယ်''ဟု၎င်း၏အမြင် ကို ပြောသည်။

မြန်မာနိုင်ငံရှိဒုသမ္မတနှစ်ဦးမှာ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်းတို့ ဖြစ်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃ (က)တွင် နိုင်ငံတော်သမ္မတ ကသက်တမ်း မကုန်ဆုံးမီနုတ် ထွက်ခြင်းနှင့် သေဆုံးပါက ဒုသမ္မတနှစ်ဦးအနက် နိုင်ငံတော်သမ္မတရွေး ချယ်စဉ်က ဒုတိယမဲအများဆုံးရရှိသည့် ဒုသမ္မတက ယာယီ သမ္မတအဖြစ် ထမ်းဆောင်ရမည်ဟု ပါရှိသည်။
 
(popular)

No comments: