Pages


 

Monday, October 14, 2013

ဖွဲ့စည်းပုံ ဥပဒေတွင် ရှေ့နောက်မညီသည့် ပုဒ်မ ၁၀၆ ခုရှိ ဟု NLD နာယက ဦးတင်ဦး ပြော

0 comments
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှေ့ နောက်မညီသည့် ပြဋ္ဌာန်းချက် ၁၀၆ ချက်ရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ်၏ ငွေရတုအခမ်းအနားတွင် ပြောကြားလိုက်သည်။

အောက်တိုဘာ ၁၂ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ ၌ကျင်းပခဲ့သော ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ်(၂၅)နှစ်မြောက် ငွေ ရတုနှစ်ပတ်လည်နေ့ အခမ်းအနား သဘာပတိမိန့်ခွန်းတွင် ထည့် သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးတင်ဦးက ''ကျွန်တော်တို့ က ဖွဲ့စည်းပုံအခြေခံဥပဒေ စတင် ပြဋ္ဌာန်းက တည်းက လက်မခံခဲ့ပါ ဘူး။ ကန့်ကွက်ခဲ့တာပါ။ အခု တော့ ဒီဟာနဲ့ပတ် သက်ပြီး ပြင် မလား အသစ်ဆွဲမလားဆိုပြီးဖြစ် ပေါ်နေပြီ။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ လမှာ တစ်ခုခုကို အဆုံးအဖြတ် ပေးမယ့် ကာလပါ။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ဖွဲ့ စည်းပုံမှာ ရှေ့နောက်မညီတဲ့ ပြဋ္ဌာန်းချက် ၁၀၆ချက်ရှိပါတယ်'' ဟုပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးအေးသာအောင်က ၎င်း တို့ပါတီသည် ကာလကြာရှည် စွာ အခက်အခဲ၊ အဟန့်အတား များစွာနှင့် ခရီးတစ်ခုကို ကြံ့ကြံ့ခံ ချီတက် ကျော်ဖြတ်ခဲ့ရကြောင်း၊ ထိုသို့ ကျော်ဖြတ်ရာတွင် တိုင်းရင်း သားညီအစ်ကိုများ၊ မိတ်ဆွေပါတီ များနှင့်အတူ ကျော်ဖြတ်ခဲ့ရပြီး အခက်အခဲများကို ရင်ဆိုင်ခဲ့ရ ကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ကျေးဇူး တင်ကြောင်း၊ သို့သော်ရှေ့ ဆက်ရမည့် ခရီးတွင် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဆိုသော အခက်အ ခဲတစ်ခုရှိနေကြောင်းပြောခဲ့သည်။

''အရင်တုန်းက ဖွဲ့စည်းပုံ နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုကြ ရင် ပြစ်ဒဏ်ချ မှတ်တဲ့ အထိလုပ် ခဲ့တယ်။ အခုတော့ အဲဒါကိုပြန် လည်ရုပ်သိမ်းလိုက်ပါပြီ။ အခု ဒီဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး နိုင်ငံ ရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြင်မလား၊ အသစ်ဆွဲမလားဆိုပြီး လုပ်ဆောင် လုပ်နေကြပြီ။ ဒါဟာ ကောင်းတဲ့ လက္ခဏာဖြစ်တယ်။ ဖွဲ့စည်းပုံမှာ သဟဇာတမဖြစ်တဲ့ ရှေ့နောက် မညီတဲ့ ဒီမိုကရေစီစံနှုန်းနဲ့မကိုက် ညီတဲ့ အချက်တွေရှိတယ်။ ဒါ ကြောင့် ပြင်ကိုပြင်ရမှာပါ''ဟု ဦးအေးသာအောင်က ပြောသည်။

ဖွဲ့စည်းပုံကို ပြင်ဆင်သည့် အခါတွင်လည်း တစ်နေရာတည်း သာ ကွက်ပြင်၍ မရဘဲ စလယ်ဆုံး ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ဖွဲ့ စည်းပုံ ပြင်မည် ဆိုပါကလည်း နည်း လမ်းတစ်ခုသာ ရှိကြောင်း၊ ယင်း နည်းလမ်းမှာ ဖွဲ့စည်းပုံအတွက် ညီလာခံကျင်းပခြင်းသည်သာ အ ကောင်းဆုံးနည်းလမ်းဟု ၎င်းအ နေဖြင့် ထင်မြင်မိကြောင်း ဦးအေး သာအောင်က ဆက်ပြောသည်။

News Link=>http://goo.gl/ZfnTPT

No comments: