Pages


 

Monday, October 14, 2013

လူ့ဘောင်သစ်ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

0 comments
 
တရားဝင်နိုင်ငံရေးပါတီရုံး ဖွင့်နိုင်ရန် နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တရားဝင်နိုင်ငံရေး ပါတီအဖြစ် မကြာမီအချိန်တွင် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်သွားမည်ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က ပြောသည်။

"လယ်သမားရေး ၊ အလုပ်သမားရေး ၊ အမျိုးသမီးအရေး ၊ တိုင်းရင်းသားအရေး ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားချင်တဲ့ နိုင်ငံရေး ပါတီဖြစ်အောင် အကောင်အထည်ဖော်ချင်ပါတယ်"ဟု ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားတွင် ဦးအောင်မိုးဇော်က ပြောသည်။

"လယ်သမားများ ၊ အလုပ်သမားများ ၊ ပြည်သူတို့အတွက် တိုက်ပွဲဝင်ချင်ပါတယ် ၊ ဒါကြောင့် မှတ်ပုံတင်တာပါ" ဟု ၄င်းက ထပ်လောင်းပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၂၅နှစ်ပြည့် အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင် ၊ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုကိုကြီး ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်သူ ကိုမိုးသီးဇွန် အစရှိသည့် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပါတီ တည်ထောင်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ် ပွဲသို့ တက်ရောက်ခဲ့ကြသည်။
  
 စိုင်းလမင်း
 

No comments: