Pages


 

Thursday, May 27, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦးအိမ်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲ အနိုင်ရ နှစ်(၂၀)ပြည့် အမှတ်တရ တွေ့ဆုံပွဲ ဓာတ်ပုံမှတ်တမ်း

0 comments


ဓာတ်ပုံပေးပို့လာသူ ကိုစိုင်း၊ မြတ်လေးငုံ...
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦးအိမ်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲ အနိုင်ရ နှစ်(၂၀)ပြည့် အမှတ်တရ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

" အမှတ်တရ တွေ့ဆုံပွဲပါ။ ကြေငြာချက် ထုတ်တာတော့ မရှိပါဘူး... သမိုင်းပေါ့ ၉၀ခုနှစ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်နိုင်မှုသမိုင်း ... ဒီသမိုင်း မပျောက်ဘူးဆိုတာ ပြသတဲ့ သဘောပါ။ တိုင်းရင်းသားအဖွဲ့အစည်းတွေ လည်းလာကြပါတယ်။ လူ၁၀၀ကျော်လောက် ရှိပါတယ်။ ဒါတောင်မှ သီးခြားဖိတ်စာ ထုတ်တာတွေတောင် မလုပ်ပဲနဲ့ လာကြပါတယ်။ အခမ်းအနားရယ် လို့တော့ မဟုတ်ပါဘူး အမှတ်တရ တွေ့ဆုံပွဲ လုပ်တာပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

No comments: