Pages


 

Tuesday, October 25, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးအောင်ဆန်းဦး၊မော်နီတာဂျာနယ်ထုတ်ဝေသူ ပန်းချီလှမြင့်ဆွေ(ခ)ဗိုလ်ကြီးလှမြင့်ဆွေ(စည်ပင်)နှင့် မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မြတ်ခိုင်တို့အား တရားစွဲဆိုပြီ

0 comments


တရားစွဲဆိုရခြင်း၏ အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစ်ကို ဦးအောင်ဆန်းဦးတို့ ရင်ဆိုင်လျှက်ရှိသော တရားမအမှုကို မော်နီတာဂျာနယ်တွင် မမှန်မကန် ရေးသား ဖော်ပြခဲ့သောကြောင့်ဟု သိရှိရပြီး၊ (၆၄)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားသို့  တက်ရောက်ရန် မြန်မာပြည်သို့ ရောက်ရှိနေသော လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဦးအောင်ဆန်းဦးအား မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မြတ်ခိုင်မှ အင်တာဗျူးမေးမြန်းရာတွင် လက်ရှိ ရင်ဆိုင်လျှက်ရှိသော တရားမအမှုမှာ ဦးအောင်ဆန်းဦးဘက်မှ အနိုင်ရဖွယ်ရှိသည်ဟု အဓိပ္ပါယ်ရသော အဖြေကို ဦးအောင်ဆန်းဦးမှ ဖြေကြားခဲ့ပြီး၊မော်နီတာဂျာနယ်တာဝန်ခံ အယ်ဒီတာဖြစ်သော မြတ်ခိုင်မှဂျာနယ်တွင် ထည့်သွင်းရေးသား ဖော်ပြခဲ့ပါသည်...။
သို့ရာတွင် တာဝန်ခံအယ်ဒီတာ ဖြစ်သောမြတ်ခိုင်မှ ယင်းကိစ္စမှာ မိမိနှင့်လုံးဝ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပြီး ၊ဒေါ်အောင်ဆန်းစုကြည်အား သူမ၏နေအိမ်တွင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရှိရပါသည်။ တရားရုံး၏ အဆုံးအဖြတ် အမိန့်ချမှတ်ခြင်း မရှိသေးသော အမှုကို ကြိုတင်ခန့်မှန်း ရေးသားပြောဆိုခဲ့ကြသော ဦးအောင်ဆန်းဦး၊ မော်နီတာဂျာနယ် ထုတ်ဝေသူ ပန်းချီလှမြင့်ဆွေ(ခ) ဗိုလ်ကြီးလှမြင့်ဆွေ(စည်ပင်)နှင့် မော်နီတာဂျာနယ် ၊လျှပ်တပြက်ဂျာနယ် အယ်ဒီတာမြတ်ခိုင်တို့အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ကြောင်း သိရှိရပါသည်။ ယင်းအမှုကို ၂၀၁၁ခု ၊ အောက်တိုဘာလ(၂၇)ရက်နေ့၊ နံနက်(၁၀)နာရီတွင် လက်ခံရန်သင့်၊ မသင့်ကြားနာမည်ဟု သိရှိရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည်ဟု  သိရှိရပါသည်။

ပြည်သူ့သတင်းထောက်... 

No comments: