Pages


 

Tuesday, November 5, 2013

စစ်သားကစစ်သားအလုပ်လုပ်ရင်ဘယ် ပြည်သူကမှမုန်းမှာမဟုတ်ဘူး

0 comments
 
 
ယခင်အစိုးရလက်ထက်က ပြည်သူများအပေါ်ဖိနှိပ်မှုပြုရာ တွင်စေခိုင်းခံရသည့်ဝန်ထမ်းများ ကိုယ်တိုင်ဖိနှိပ်ခံခဲ့ရကြောင်းနှင့် လုပ်သက်ပင်စင်ပြည့်သည့်တိုင်တပ် မှထွက်ခွင့်မရသည့်တပ်မတော် သားများ၏ဘ၀အခြေအနေကို နိုဝင်ဘာ ၄ ရက်နေ့ကတော်       ၀င်နှင်းဆီတွင်ပြုလုပ်ခဲ့သော Alternative Parliament အခမ်း အနား၌ဗိုလ်ကြီးဟောင်းကိုနေမျိုး ဇင်ကပြောကြားလိုက်သည်။
 
“ဖိနှိပ်မှုဆိုတဲ့ဟာကိုလုပ်ဖို့စေ ခိုင်းခံရတဲ့ဝန်ထမ်းတွေကိုယ်တိုင် ဖိနှိပ်ခံနေရပါတယ်၊ ကျွန်တော် တပ်မတော်အရာရှိစီနီယာအဆင့် ရောက်တဲ့အထိကွန်ပျူတာမပြင် ဘူးပါဘူးတီဗီအအိုအဟောင်းကြီး ကဖွင့်တဲ့သတင်းတွေပဲနားထောင် ခဲ့ရပါတယ်တခြားဘာမှမသိရပဲ အမိန့်ဆိုတာတစ်ခုပဲသိခဲ့ရပါတယ် အခုနောက်ပိုင်းတပ်ထဲကရဲဘော် ရဲဘက်ဟောင်းတွေနဲ့ပြန်တွေ့တဲ့ အခါတွေရှိပါတယ်၊အရင်တုန်းက ကျွန်တော့်မြင်ရင်ကြောက်နေလန့် နေတဲ့သူတွေကအခုနဲနဲပွင့်လင်း လာပြီဆိုတော့စကားလေးဘာလေး ပြောဖော်ရလာပါတယ်၊အောက် ခြေကပြည်သူ့စစ်သားတွေအရင် အတိုင်းငတ်နေတုန်းပါပဲဦးပိုင်ဆို တာကြီးကဘာတွေပိုင်နေလဲတော့ မသိဘူးအောက်ခြေကတော့ငတ် နေပြတ်နေကြတုန်းပါ။သူတို့က လည်းသူတို့အခက်အခဲတွေ ကျွန်တော့်ဆီကတစ်ဆင့်ပြည်သူ ကိုအသိပေးခိုင်းပါတယ် တပ်မတော်ကလုပ်သက်ပင်စင်ပြည့် တာတောင်ထွက်ခွင့်မပြုတဲ့ အကြောင်း၊ဘွန်းထိုးထားတဲ့လုပ် သက် ၁၀နှစ်သက်တမ်းပြည့်တဲ့ အခါနှုတ်ထွက်ခွင့်ရှိရပါမယ်၊ဒီ ၀န်ထမ်းအခွင့်အရေးတွေသူတို့ ဆုံးရှုံးနေပါတယ်ဘာကြောင့်နှုတ် ထွက်ခွင့်မပြုတာလဲမေးတော့တပ် ကြီးပျက်သွားမှာစိုးလို့ထပ်ဝင်မယ့် သူမရှိလို့တဲ့ ထပ်ဝင်မယ့်သူရှိလာ အောင်ပြည်သူ့တပ်မတော်ပီသ လိုက်ပါ စစ်သားကစစ်သား အလုပ်လုပ်ရင်ဘယ်ပြည်သူကမှမုန်းမှာမဟုတ်ပါဘူး”ဟု ကိုနေမျိုး ဇင်ကပြောကြားလိုက်သည်။
 
ကိုနေမျိုးဇင်မှာ မြန်မာ့လူမှု ဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ကို ခေါင်းဆောင်ကာဧရာဝတီတိုင်း  ဒေသကြီးမှလယ်သမားများအရေး ကိုဆောင်ရွက်သဖြင့်အရေးယူခံ ခဲ့ရဘူးပြီးပြစ်မှုကြွေးကျန် ၄၁၀ ဥပဒေဖြင့်ထောင်ဒဏ်ချမှတ်ခံခဲ့ ရသူတပ်မတော်ဗိုလ်ကြီးဟောင်း လည်းဖြစ်ပြီးနိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးလည်းဖြစ်သည်။
 
 
ဇော်မြင့်
 

No comments: