Pages


 

Thursday, August 23, 2012

သို့.. အာဏာရူးနေသော လွှတ်တော် အမတ်ကြီးများ... ပြည်ထောင်စု အဆင့်မဟုတ်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်လို့ ရပါတယ်.. လွှတ်တော်ထဲ ဝင်လာတာ ပြည်သူ့အတွက်လုပ်ဖို့လား၊ ပြည်ထောင်စုအဆင့် လိုချင်လို့လား

1 comments
သို့.. အာဏာရူးနေသော လွှတ်တော် အမတ်ကြီးများ... ပြည်ထောင်စု အဆင့်မဟုတ်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်လို့ ရပါတယ်.. လွှတ်တော်ထဲ ဝင်လာတာ ပြည်သူ့အတွက်လုပ်ဖို့လား၊ ပြည်ထောင်စုအဆင့် လိုချင်လို့လား ဆိုတာ ပြန်သုံးသပ်ကြပါ...။ ကော်မရှင်တွေ၊ ကော်မတီ တွေ ပြည်ထောင်စု အဆင့် မဟုတ်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အများကြီး လုပ်လို့ရပါတယ်။ အခု နိုင်ငံတစ်နိုင်ငံလုံးမှာ ရေတွေကြီးနေပါတယ်..၊ လူတွေသေနေပါတယ်...။ ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်နေပါတယ်။ ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော်အမတ်များက နေပြည်တော်က အဲကွန်းခန်းထဲမှာ ပြည်ထောင်စု အဆင့် ရဖို့ လုံးပန်းနေကြပါတယ်။ အာဏာ မက်မောနေကြပါတယ်၊ ကန့်ကွက်နေကြပါတယ်၊ ပြည်သူတွေက ရွေးထားတဲ့ လွှတ်တော်အမတ်တွေကို ပြည်သူတွေက စိတ်ပျက်လှပါပြီ။ လွှတ်တော် ကိုယ်စားလှယ်လောင်း ဘဝ တုန်းက လွှတ်တော်အမတ်ဖြစ်ဖို့ မဲဆွယ်ခဲ့ကြတယ်မဟုတ်လား.. အမတ်ဖြစ်ရင် ပြည်သူအတွေအတွက် ဘာဥပဒေ တွေ ပြန်ဌာန်းမယ် ပြောခဲ့တယ် မဟုတ်လား... အခု အမတ်ဖြစ်ပြီ။ လွှတ်တော် ဆိုတာ ဥပဒေ ပြုရေး မဏ္ဍိုင် မဟုတ်ဘူးလား.. ဥပဒေ ပြုပေးရုံနဲ့ မကျေနပ်နိုင်ပဲ ပြည်ထောင်စု အဆင့် အာဏာလိုချင်တယ်ဆိုတော့ လွှတ်တော်အမတ်တွေက အာဏာ ရူးနေတယ်လို့ သက်သေပြနေသလို ဖြစ်မနေဘူးလား...။ အခု ဖြစ်နေတဲ့ ထဲမှာ ဘယ်ပါတီ အများဆုံးလဲ... အဲဒီပါတီက အာဏာ အရူးဆုံး ဆိုတာ ထင်သာ မြင်သာ တာပဲ...။ လွှတ်တော် ဥက္ကဌကြီးများနဲ့ လွှတ်တော်အမတ်ကြီးများခင်များ... လွှတ်တော် တစ်ရပ်ကျင်းပရင် လွှတ်တော်အမတ်ပေါင်း ၇၀၀ အတွက် ကုန်ကျစရိတ် များလှပါတယ်.... တစ်နှစ်ကို နှစ်လ လောက်ပဲ လွှတ်တော် ကျင်းပကြပါ... အထူးသဖြင့် အခုလို ပြည်သူတွေ သဘာဝ ဘေးအန္တရာယ် ကြုံနေရချိန်မှာ လွှတ်တော် မကျင်းပသင့်ပါ...။ လွှတ်တော် အမတ်မင်းများ အနေနဲ့လည်း ကိုယ့်ကိုယ်ကို ပြည်ထောင်စု အဆင့် ဝင်ဖို့ ကြိုးစားနေတာတွေ ရပ်ပါ။ ပြည်ထောင်စု အဆင့် သတ်မှတ်ခံရလည်း အဲဒီ ကော်မတီ၊ ကော်မရှင် ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေကို ပြည်ထောင်စု အဆင့်ပါဆိုပြီး ဘယ်သူက မှ အထင်မကြီး ပါဘူး။ လွှတ်တော် အမတ်ကို လွှတ်တော် အမတ်တစ်ယောက်လို့ပဲ မြင်ပါတယ်။ လွှတ်တော် အသံ ပြည်သူ့ အသံ လို့ ဆိုင်းဘုတ် ကပ်ထားပေမယ့်... လွှတ်တော် ထဲက ကော်မတီ ကော်မရှင်တွေကို ပြည်ထောင်စု အဆင့် သတ်မှတ်ဖို့ ဘယ်ပြည်သူက မှ မတောင်းဆိုပါဘူး။ လွှတ်တော် အမတ်တွေလည်း မီဒီယာ သမားတွေနဲ့ မထူးပါဘူး။ မီဒီယာသမားတွေက ပြည်သူ့အသံ ဆိုပြီး ကိုယ့်စိတ်ထဲ ရှိတာရေးတယ်၊ လွှတ်တော်အမတ်တွေကလည်း ပြည်သူ့ဆန္ဒဆိုပြီး ကိုယ်ဖြစ်ချင်တာ နဲ့ ကိုယ်အာဏာ ရဖို့ လုံးပန်းတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ဦးတည်ပြီး သူများနိုင်ငံတွေ အထင်ကြီးနေချိန်မှာ လွှတ်တော် အမတ်တွေ အာဏာ လုနေတာ အလွန်အင်မတန် စိတ်ပျက်ဖို့ ကောင်းပါတယ်။ အာဏာမလုကြပါနဲ့၊ အဲကွန်းခန်းထဲကထွက်ပြီး ဧရာဝတီ မြစ်ကြောင်း အတိုင်း သဘောင်္စီးလာခဲ့ပါ အမတ်မင်းတို့ ပြောတဲ့ ပြည်သူတွေရဲ့ ဆန္ဒ အမှန်တွေကို မြင်တွေ့ရပါလိမ့်မယ်....။

1 comment:

chaung u said...

ဘာမှမသိဘဲနဲ့ မလေ့လာဘဲနဲ့ သောက်ရူးထပြီးရမ်းမပြောနဲ့၊ ဘယ်သူကမှ အရေးလုပ်ပြီးတောင်းဆိုတာမဟုတ်ဖူး သူတို့ဖာသာတင်ပြီး သူတို့ဖာသာဆုံးဖြတ်တဲ့ကိစ၊ ရှင်းနေတာကိုရှုတ်အောင်လုပ်တာ..ပြည်သူ့ပကျိုးဆောင်ရွက်ဖို့ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ ပြည်သူတွေနဲ့ထိတွေ့ဆက်ဆံဖို့ နယ်မြေကွင်းဆင်းဆောင်ရွက်ဖို့ဆိုတာတွေရေးဆွဲထားတဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ မပြဌာန်းနိုင်တာ အဲဒီပြဌာန်းချက်ကြီးကြောင့်ဆိုတာ လေ့လာကြည့်ပါ။ ပြည်သူတွေက အလကားလူတွေမဟုတ်ဖူး စိတ်ကြိုက်ရွေးချယ် မဲပေးခဲ့ကြတာ သူတို့မကြိုက်ရင်လည်း ဖြတ်ချလို့ရတာပဲ..