Pages


 

Wednesday, August 14, 2013

ဦးမောင်တိုးတစ်ယောက် အကြောက်လွန်၍ သေးထွက်သွားခြင်း

0 comments
 
သြဂုတ်လ ၉ ရက်နေ့က ပုံမှန်အတိုင်း ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဌများနှင့် အတွင်းရေးမှူးတွေ ညှိနှိုင်းအစည်းအဝေးလုပ်ကြရာဝယ် ထူးထူးခြားခြားအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်လို့ ကြားရပါတယ်။ အဲဒါကတော့ လာမယ့်လမှာ အင်္ဂလန်လွှတ်တော်အဖွဲ့တွေ မြန်မာ့လွှတ်တော်ကိုလာလို့ ...... 

ထဲထဲဝင်ဝင်လေ့လာပြီး လွှတ်တော်ဆိုင်ရာတွေ သင်ကြားပေးဖို့ ဆက်သွယ်စီစဉ်ထားတယ် လို့ လေဒီစု က ပြောပါတယ်။ ကျန်တဲ့လွှတ်တော်ကော်မတီဥက္ကဌနဲ့ အတွင်းရေးမှူးတွေ တီးတိုးတီးတိုး ဖြစ်ကုန်ကြလေရဲ့။ သူတို့သိထားတာ တခြားနိုင်ငံကြီးတွေမှာ ကျင့်သုံးတဲ့ လွှတ်တော်ဆိုင်ရာကိစ္စတွေကို မြန်မာနိုင်ငံ အခြေအနေနဲ့ သင့်လျော်မယ်ထင်တာတွေ အတုယူမယ်၊ လေ့လာမယ်ဆိုပြီး ဘုတ်အုပ်ကြီးတွေ ဖတ်ကြမယ့်အပြင် အဲ့ဒီနိုင်ငံကြီးတွေဆီသွားပြီး လေ့လာကြမှာလေ၊ အခုဟာက သူတို့ အမေရိကန်၊ အင်္ဂလန်က လွှတ်တော်ပုံစံအတိုင်းဖြစ်အောင် သင်တန်းပေးမယ်ဆိုတော့ ………..

    လူစွမ်းကောင်းကတော့ ကျွန်တော်တို့ရဲ့ မင်းလှမဲဆန္ဒနယ် ပြည့်သူ့ငွေစာရင်းကော်မတီ ဦးမောင်တိုး ပဲပေါ့။ လွှတ်တော်ရေးရာကော်မတီမှာ ၀န်ထမ်းတွေ အင်္ဂလိပ်စာနဲ့ နည်းပညာဆိုင်ရာတွေ မတတ်ကျွမ်းလို့ အဲ့ဒီလို အမေရိကန်နှင့် အင်္ဂလန်လွှတ်တော်အဖွဲ့တွေ လာသင်ပေးရင် ထိရောက်မှုသိပ်မရှိနိုင်ဘူး ……….ဆိုပြီး ထိန်းထိန်းသိမ်းသိမ်းဆွေးနွေးရှာပါတယ်။ (အမေရိကန်တွေကို မလိုလားတာပါသလို ဒီအရွယ်ကြီးကျမှ အင်္ဂလိပ်စာ မသင်ချင်တော့တာလည်းပါမှာပေါ့)

    ချက်ချင်းပါပဲ လေဒီစု က အနာပေါ်ဒုတ်ကျသလို မခံမရပ်နိုင်ဖြစ်ပြီး အစည်းအဝေးခန်းမထဲမှာ အရှက်၊ သိက္ခာတွေမေ့ပြီး ပြဲပြဲလန်အောင် အော်ပြောလိုက်တာကတော့ “ မတတ်ရင် တတ်အောင် သင်ပေးမယ်၊ အင်္ဂလိပ်လိုမတတ်တာ ဘယ်သူ့အပြစ်လဲ ” ဆိုလိုက်တော့ ဦးမောင်တိုး ခမျာ မျက်နှာကြီးရဲရဲနီလို့ ခေါင်းကိုငုံ့ထားလိုက်ရပြီး ဘယ်လောက်အကြောက်လွန်သွားသလဲဆိုရင် အစည်းအဝေးခန်း အပြင်ထွက်တော့ ပုဆိုးမှာ သေးကွက်နဲ့ ဖြစ်နေပြီတဲ့လေ။

    သြော် ဘာပဲပြောပြော ကျွန်တော်တို့ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကြီးဖြစ်တဲ့ လွှတ်တော်ကြီးမှာ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေကိုတောင် ကျော်လွန်ပြီး လုပ်တတ်တဲ့၊ အစိုးရကိုပဲ အတိုက်အခံလုပ် အပြစ်ရှာနေတတ်တဲ့ ကိုယ်စားလှယ်တွေနဲ့၊ ဗိုလ်လိုမှမမှုတ်တတ်ရင် အထင်မကြီးတတ်တဲ့ လေဒီစု တို့ပေါင်းပြီး လိုတစ်မျိုး၊ မလိုတစ်မျိုး အချွန်နဲ့ မ တတ်တဲ့ အမေရိကန်၊ အင်္ဂလန်က လွှတ်တော်အဖွဲ့တွေကို ဆရာတင် …..ပုဂ္ဂိုလ်ရေးဆန်တဲ့ လွှတ်တော်ဆရာကြီးများပုံစံ တစ်ထေရာတည်း ဒေဝေါတို့ လွှတ်တော်ကို သင်ပေးခဲ့မယ်ဆိုရင်  …….

    နတ်ပြည်က အထူးသတင်းအရ  ဦးမောင်တိုး ခမျာ အကြောက်လွန်ပြီး သေးထွက်သွားယုံမက အဆောင်ပြန်ရောက်တော့ သွေးပါတိုးပြီး ဆေးခန်းသို့ရောက်ရှိသွားကြောင်းနှင့် နောင်ဆိုရင် ဦးမောင်တိုး တစ်ယောက် လူကြားထဲမှာ ဘယ်တော့မှ ဘာမှမပြောတော့ပါဘူးတဲ့ခင်ဗျား………..

ဒေဝေါ

No comments: